ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ

67

68


MNP  -  ဒီဇင်ဘာ ၃၁

ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် လူငယ်စကားဝိုင်းကို အဆိုပါဒီဂရီကောလိပ်၊ ဦးဘခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားကို ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်းကြားရေးမှူး ဦးဇော်ဌေးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်းကြားရေးမှူး ဦးဇော်ဌေးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းက ကျောင်းသား မောင်ငြိမ်းမင်းထိုက်က “လူငယ်နှင့်တာဝန်ယူစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဖြိုးမေသော်က “လူငယ်တွေလမ်းမမှားနဲ့မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သာဘုန်းထက်က “လူငယ်နှင့်ဘဝစာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဝင်းသီရိဖြိုးက “လူငယ်နှင့်အင်တာနက်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင် ဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။


ကျောင်းသား၊ ကျောင်းသူများအအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊  စာဖတ်ရှိန်မြင့်မားလာစေရန်၊ လူငယ်အချင်းချင်းကြား အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်တို့အတွက်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages