MNP - ဒီဇင်ဘာ ၂၀
အမ်းမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လည်(၂)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်သည်။
ရှေ့ဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်ထက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးသန်း
ထွန်းဦး က ၂၀၁၉-ခုနှစ်၊ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက် များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့်ဆောင်ရွက် မည့်လုပ်ငန်းတာဝန်များကိုရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ
လိုအပ်ချက်များအားမြို့နယ်အုပ်ချုပ်ရေးမှူးကပေါင်းစပ်ညှှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ကို အသစ်ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီအနေဖြင့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သောရှင်သန် ခွင့်အခွင့်အရေး ၊ ဖွံ့ဖြိုးတိုးတက်ခွင့် အခွင့်အရေး ၊ ကာကွယ်စောင့်ရှောင့်ခွင့်အခွင့်အရေး နှင့် ပါဝင်ဆောင်ရွက်ခွင့်အခွင့်အရေးများ ကိုအကောင် အ ထည်ဖော်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့ဦးကျောင်းလူငယ်ဖွံ့ဖြိုးရေး
ပရဟိတဂေဟာ အားထောက်ပံ့ေငွကျပ်(၃၃၈၀၀၀၀) ကျပ်အား မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်က ပေး အပ်ရာ မြို့ဦးကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာမှ တာဝန်ရှိသူများက တက်ရောက်လက်ခံခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment