နားမကြားသောကလေးများကျောင်း(ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နားမကြားသောကလေးများကျောင်း(ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား သင်တန်းဖွင့်လှစ်



NMP -  ဒီဇင်ဘာ  ၃၀

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ  ပြည်သူများအနေဖြင့်   လက်သင်္ကေတပြ ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အကြားအာရုံချိုတဲ့သူများ၏ သဘာဝကိုနားလည်ပြီး တတ်နိုင်သမျှကူညီစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်စေရန်အတွက် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ် အိုးစု(၃)လမ်းရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)တွင် လက်သင်္ကေတပဘာသာစကား သင်တန်း ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်း၌ အကြားအာရုံချိုတဲ့သူများနှင့် ပြောဆိုဆက်ဆံရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လူမှု ပတ်ဝန်းကျင်တွင် လက်သင်္ကေတပြ ဘာသာစကားကို အသုံးပြုပြီး အကြားအာရုံချိုတဲ့သူများကို တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ပေးမှု နည်းလမ်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များနှင့် နားမကြား သော ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများ စုစုပေါင်း သင်တန်းသူ/သား (၃၁)ဦးကို ယနေ့မှစ၍ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)