(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် အ.ထ.က မိုင်းနောင်ကျောင်းတွင် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် အ.ထ.က မိုင်းနောင်ကျောင်းတွင် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်




MNP  -   ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်း နောင်မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၁) နာရီအချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများအားလုံး မိမိတို့နိုင်ငံ၊မိမိတို့လူမျိုး၏ နေ့ကြီးရက်ကြီး သမိုင်းကြောင်းများအားသိရှိစေရန်နှင့် ချစ်မြတ်နိုးတန်ဘိုးထားတတ်စေရန် ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းကလူငယ်များနှင့် လွတ်လပ်ရေး ထိန်းသိမ်း ရမည့်တာဝန်များ၊ စာတိုက်တာဝန်ခံ ဦးစိုင်းဘိုနီက လွတ်လပ်ရေးနေ့၏ သမိုင်းကြောင်းများ၊ အထက်တန်းပြဆရာမ ဒေါ်နွယ်နွယ်အောင်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဥ်တို့ဖြင့် အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။


(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သော ဟောပြောပွဲတွင် ဆရာ/ဆရာမများ နှင့်အထက်တန်း၊အလယ်တန်းဆင့်များမှ ကျောင်းသား၊ ကျောင်းသူများ အင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မနန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)