စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုချီးမြှင့်

63


MNP -  ဒီဇင်ဘာ  ၂၂

၂၀၂၃ ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဧရာဝတီတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီးနောက်  အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် ခရိုင်၊ မြို့နယ်များမှ အားကစားသမားများအား ရွေးချယ်၍ စခန်းသွင်း လေ့ကျင့်ခဲ့ပြီး တတိယဆုရရှိသည့်အတွက် ဂုဏ်ပြုပါကြောင်း၊ မိမိအသင်း၏ ယှဉ်ပြိုင်ကစားခဲ့မှု အားသာချက်၊ အားနည်းချက်များ အပေါ် သုံးသပ်ပြီး လာမည့်ပြိုင်ပွဲများ တွင် ပိုမိုအောင်မြင်အောင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြစေလိုကြောင်း” တိုက်တွန်း ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကိုးသိန်းမိုးလုံလေလုံအားကစားရုံ၌ ပြုလုပ် လျက်ရှိသည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ (၈၅) နှစ်မြောက်၊ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်အား ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့သည်။‌ ဗိုလ်လုပွဲစဥ်အဖြစ် ပုသိမ်မြို့နယ်(ခ) အမျိုးသားဘော်လီဘောအသင်းနှင့် မြောင်းမြမြို့နယ် အမျိုးသား ဘော်လီဘော အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ မြောင်းမြမြို့နယ် ဘော်လီဘောအသင်းက ပုသိမ်မြို့နယ် (ခ)အသင်း အား (၃)ပွဲ-(၁)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသည့် ငပုတောမြို့နယ် အသင်းအား ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌက လည်းကောင်း၊ တတိယဆု ရရှိသည့် ပုသိမ်မြို့နယ်(ခ) အသင်းအား ဧရာဝတီ တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌကလည်းကောင်း၊ ဒုတိယဆု ရရှိသည့် ပုသိမ်မြို့နယ်(က) အသင်းအား တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသည့် မြောင်းမြမြို့နယ် အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေနှင့် ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages