MNP - ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဝင်ရောက် ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား ယနေ့ ညနေ ၆ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပွဲတော်တွင် မောင်တောခရိုင်အတွင်းမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကျောင်း သား /သူ များအား မောင်တောခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဘူးသီး တောင် မြို့ နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ တို့မှ ထောက် ပံ့ပေးသော ငွေကျပ် သုံးသိန်းအား မောင်တော မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ ဦး ကံထွန်းအောင် နှင့် အဖွဲ့၀င်များက ခရိုင်/ မြို့နယ်ပညာရေးမှူး နှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ် ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ၂၀၂၂ -၂၀၂၃ ပ ညာ သင်နှစ် အခြေခံပညာ ကျောင်းသား အားကစား ပွဲတော် တွင် မောင် တော ခရိုင် အ တွင်း ရှိ အခြေခံပညာကျောင်းများမှ မောင်တောမြို့နယ်အနေဖြင့် ၄၈ ဦး ၊ ဘူးသီးတောင်မြို့မှ ၃၃ ဦး စုစု ပေါင်း ၈၁ ဦး တို့ က အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ၃၂ ဦး ၊ ဘော်လီဘောပြိုင်ပွဲတွင် ၂၀ ဦး ၊ပြေး ခုန် ပစ် ပြိုင်ပွဲ တွင် ၂၄ ဦး ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ၅ ဦး တို့က ပြည်နယ်အဆင့် ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ် ကြောင်း သိရ သည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment