(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစစ်ရေးပြအဖွဲ့အား တွေ့ဆုံပြီး ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစစ်ရေးပြအဖွဲ့အား တွေ့ဆုံပြီး ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်



MNP - ဒီဇင်ဘာ ၂၇

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ရေးပြအဖွဲ့အား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်သည်။


ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ကြုံတောင့်ကြုံခဲ စိန်ရတုအခမ်းအနားဖြစ်သည့် (၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် မိမိဝန်ကြီးဌာနကိုကိုယ်စားပြု၍ ပါဝင်ချီတက်ဂုဏ်ပြုကြရမည်ဖြစ်၍ လေ့ကျင့်ထားကြသည့်အတိုင်း စနစ်တကျသပ်ရပ်လှပစွာ ပွဲဝင်နိုင်ရေးအတွက် စုစည်းညီညွတ်စွာကြိုးပမ်းသွားကြရန်နှင့် လိုအပ်ချက်များရှိပါက အချိန်မီတင်ပြကြရန် ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးက ချီတက်ဂုဏ်ပြုမည့် ဝန်ကြီးဌာနစစ်ရေးပြအဖွဲ့ဝင်များအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် အခမ်းအနားတစ်ခုလုံး အဆင်ပြေအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနစစ်ရေးပြအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ရာ စစ်ရေးပြအဖွဲ့ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေးပြအဖွဲ့က ချီတက်ဂုဏ်ပြုသွားမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု သရုပ်ဖော်ဂုဏ်ပြုယာဉ်များဖြင့် တခမ်းတနားချီတက်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)