(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်


MNP -  ဒီဇင်ဘာ ၃၁

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် သဝဏ်လွှာဖတ်ပွဲ၊ မနောအကနှင့်အတူ ဒေသထုတ်ကုန်ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင် ကျင်းပသည့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။


အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်ကြည်လင်းက (၇၅)နှစ် မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကို ယခင်နှစ်က တွေ့ကြုံခဲ့သည့် အားနည်းချက်/ အားသာချက်များအပေါ် ဆပ်ကော်မတီအသီးသီး အနေဖြင့် လေ့လာသုံးသပ်ပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်စွာ၊ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ယင်းနောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိများ၊ ရိုးရာအစဉ် အလာနှင့် အညီ မနောအကဖြင့် ကျင်းပနိုင်ရေး မနောကွင်းငယ် တည်ဆောက်သွားမည့် အစီအမံများ၊ ဇန်နဝါရီ (၉)ရက်နေ့မှ စတင်၍ မနောအကဖြင့် ဖွင့်လှစ်သွားမည့် အစီအမံများ၊ ဒေသထုတ်ကုန်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ တည်ဆောက်ထားရှိမှု အခြေ အနေနှင့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားတွင် နာမည်ကြီး လက်ဝှေ့သမားများ ခေါ်ယူရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအမံများနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည့် အစီအစဉ် များကို ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား စာပေနှင့်ရိုးရာ ယဉ်ကျေးမှု အသင်းအဖွဲ့ များမှ ခေါင်းဆောင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)