တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ်အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ်အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကျင်းပ


MNP -   ဒီဇင်ဘာ ၁၈

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ်အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကိုယနေ့နံနက်ပိုင်း က ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာအမျိုးသား/အမျိုးသမီးပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမား များနှင့် အားကစားဝါသနာရှင်များ က ကြည့်ရှု့အားပေးခဲ့ကြသည်။

အသက်(၁၈)နှစ်အောက် (လူရွေးပွဲ၊ ဗိုလ်လုပွဲ) ပြေးပြို်ငပွဲတွင် အမျိုးသားမီတာ(၅၀၀၀) (၄၀၀)နှင့်(၁၀၀)၊ အမျိုးသမီး မီတာ(၄၀၀၊)  အမျိုးသား /အမျိုးသမီး သုံးဆင့်ခုန် ၊ လှံတံပစ်၊ လက်ဆင့်ကမ်း (၁၀၀×၄) စသည့်တို့ကိုယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်းသတင်း ရရှိသည်။

ငွေဇင်ယော်(ထားဝယ်)

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)