မင်းလှမြို့တွင် ဆီထွက်သီးနှံနေကြာ(၅၅၃၅)ဧက စိုက်ပျိုးထားရာအောင် မြင်ဖြစ်ထွန်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ဆီထွက်သီးနှံနေကြာ(၅၅၃၅)ဧက စိုက်ပျိုးထားရာအောင် မြင်ဖြစ်ထွန်းလျက်ရှိ



MNP  -  ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံနေကြာအား ဆောင်းသီနှံအဖြစ် သီးသန့်စိုက်ဧက(၄၀၀)၊ သီးညှပ်စိုက်ဧက (၅၁၃၅) စုစုပေါင်း(၅၅၃၅)ဧကစို က်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


နေကြာမျိုးစေ့များဖြစ်သည့် ရေဆင်းစပ်မျိုးနှင့် ဆင်းရွေကြာမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ တောင်သူများထံ ဖြန့်ဖြူးပေးခဲ့ကြောင်း၊ နေကြာသီးနှံအား အောက်တိုဘာလအတွင်းမှ စတင်စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလကုန်တွင် သီနှံများလှိုင်လှိုင်ထွက်ရှိ၍ ဇန်နဝါရီလတွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ အပင်အမြင့်မှာ ၅ ပေခန့်နှင့် အပွင့်မှာ ၆ လက်မခန့်ရှိပြီး အပင်သက်တမ်းမှာ ၈၅ ရက်ခန့်ရှိပြီဖြစ်‌ကြောင်း၊ အထွက်နူးန်းမှာ သီးညှပ်တစ်ဧကလျင် နေကြာစေ့(၁၀)တင်းမှ (၁၂)တင်းခန့်နှင့် သီးသန့်တစ်ဧကလျင် နေကြာစေ့(၂၀)တင်းခန့်ထွ က်ရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။


နေကြာသီးသန့် တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်သိန်းနှစ်ဆယ်ခန့်ရှိပြီး နေကြာစေ့(၁)တင်းလျင် ဆီ(၃)ပိသာထွက်ရှိကြောင်း၊ နေကြာဆီ တစ်ပိသာဈေးနူန်းမှာ တစ်သောင်းခန့် ဈေးပေါက်လျက်ရှိကြောင်း၊ မြို့နယ်အနေဖြင့် နေကြာသီးနှံ သီးသန့်၊သီးညှပ်ဧက(၅၅၃၅) စိုက်ပျိုးမှု အထွက်တင်း(၆၂၀၀၀)ခန့် ထွက်ရှိနိုင်ပြီး နေကြာဆီပိသာ(၁၈၀၀၀၀) ခန့်ထွက်ရှိ နိုင်သဖြင့် မြို့နယ်အနေဖြင့် စားသုံးဆီဖူလုံမှုအတွက် အထောက်အပံ့ရရှိနိုင်ကြောင်း သိရသည်။


ပေါက်စ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)