ရသေ့တောင်မြို့၌ (၃၈)ကြိမ်မြောက်‌ နေ့/ညအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ (၃၈)ကြိမ်မြောက်‌ နေ့/ညအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ



MNP  -   ဒီဇင်ဘာ    ၃၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်းတန်းရပ်ကွက်ရှိ စေတီယဂ်ဏဘုန်းတော်ကြီးကျောင်း၌  (၃၈)ကြိမ်မြောက်‌နေ့/ညအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်မှ စတင်၍ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍စေတီယဂ်ဏကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဦးပညာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရားတော်အား ချီးမြှင့်ပေးတော်မူကြသည်။ ဆက်လက်၍ စေတာနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်တို့အား လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါ (၃၈)ကြိမ်မြောက် နေ့/ည အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကို ပင့်ဖိတ်ထားသည့် ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာပတ်ဝန်းကျင်ကျေးရွာဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် အပါး(၂၈)ပါးတို့က ၃၁-၁၂-၂၀၂၂ ရက်နေ့မှ ၂-၁-၂၀၂၃ ရက်နေ့အထိ သုံးညတိုင် နေ့/ည အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)