မိုးကောင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ



MNP  -  ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်အချင်းချင်း စဉ်းစားတွေးခေါ်၍ နှုတ်မှုစွမ်းအားများတိုး တက်စေရန်ရည်ရွယ်၍ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူး ပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အထက(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ဒီဇင်ဘာ(၂၉)ရက်နံနက်(၁၀)နာရီခွဲတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမြင့်နိုင်က စကားဝိုင်း၏ သဘောသဘာဝသည် အသိအမြင်၊ အယူအဆများကို စိတ်ပါဝင်စားစွာ အလှည့်ကျမျှမျှတတ ပြောဆိုဆွေးနွေးတတ်စေရေး အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ပြီး အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အထရှိစေရန်နှင့် လူငယ်များ ဗလငါးတန်ပြည့်စုံ၍ နိုင်ငံတော်အနာဂတ်တွင် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကို Grade 11 မှ ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၃)ဦးတို့က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။


ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)