အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက် တရားခံများအား ထပ်မံဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက် တရားခံများအား ထပ်မံဖမ်းဆီးရမိ




MNP ၊ ဒီဇင်ဘာ ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ ၁၅ ၃၀ အချိန် အမရပူရမြို့နယ်၊ စောက်တောဝကျေးရွာအနီးတွင် ဒေါ်တွမ်အားလန်(ခ)ရှမ်းမ မောင်းနှင်ပြီး ဒေါ်သန်းမြိုင် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် အောင်အောင်(ခ)ရှမ်းလေး မောင်းနှင်ပြီး နိုင်လင်း စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇.၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။


ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၅ ၄၅ အချိန် ဇော်လတ် အား ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၃ လမ်း၊ ၁၃၂ x ၁၃၃ လမ်းကြားတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၆၀၀ အချိန် ၎င်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၆.၂၅ သိန်း)၊ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန်  ဝ.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၇၀၀ အချိန် ဒေါ်နန်းခိုင်ဦး အား အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၆ A လမ်း၊ ၁၆ x ၁၇ လမ်းကြားရှိ နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဒေါ်တွမ်အားလန်(ခ)ရှမ်းမ(၄၄)နှစ်၊ ဒေါ်သန်းမြိုင်(၅၁)နှစ်၊ ဇော်လတ်(၃၇)နှစ်နှင့် ဒေါ်နန်းခိုင်ဦး(၄၇)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)