တောင်ကုတ်မြို့၌ အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲဖွင့်လှစ်



MNP  -  ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ အင်းဝဘဏ်လီမိတက် ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို  ကံပိုင်ရပ်ကွက် ဦးဥတ္တမလမ်း အမှတ်(၅၂၃)တွင် ၂၇-၁၂-၂၀၂၂ ရက်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အင်းဝဘဏ်လိမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသာဇံ တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် ဘဏ်အဆောက်အဦသစ်အား အမွှေးနံ့သာရည်များ ဖြင့်ပက်ဖြန်းကာ  ဘဏ်ခွဲအဆောက်အဦအသစ်အတွင်း လှည့်လည်ကြည်ရှုခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဘဏ်ခွဲဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)