ရသေ့တောင်မြို့နယ်၌စစ်ကြောင်းကြီး(၅)ကြောင်းကွင်းဆင်းတွေဆုံပွဲ အခမ်းအနားနှင့်အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌စစ်ကြောင်းကြီး(၅)ကြောင်းကွင်းဆင်းတွေဆုံပွဲ အခမ်းအနားနှင့်အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းနားကျင်းပ





MNP  -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့နယ်၌စစ်ကြောင်းကြီး(၅)ကြောင်းကွင်းဆင်းတွေဆုံပွဲ အခမ်းအနားနှင့်အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးမြို့နယ်အဆင့်သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန်က‌ မေယုခန်းမ၌

ကျင်းပသည်။


       အခမ်းအနားတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဝင်းဦးကနှုတ်ဆက်စကား‌ ပြောကြားပြီးပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းမြင့်၊ပြည်နယ်စည်ပင်သာယာ‌ ရေးအဖွဲ့ဒုတိယညွှန်ကြားရေးမှူး နည်းပညာဦးအောင်နိုင်တို့က ဆွေးနွေးပြောကြားကြပြီး၊ပြည်နယ်‌ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးငြိမ်းသန်းက ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်ရှိကမ်းနားလမ်းပြုပြင်မည့်ဒီဇိုင်းပုံစံများနှင့်ပတ်သက်၍‌ ဆွေးနွေးပြောကြားခဲ့ကြသည်။တက်ရောက်လာသူများမှသိရှိလိုသည်များအား ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများကမေးမြန်းချက်များအပေါ်ပြန်လည်ဖြေကြားခဲ့ကြပါသည်။


ယင်းနောက်ပညာရေးဝန်ကြီးဌာနမှ‌ ပေးအပ်သော ဆိုလာရေသန့်စက်နှင့်ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာစာသင်ကျောင်း(၁၇)ကျောင်းရှိ‌ ကျောင်းအုပ်ကြီးများထံလွဲ‌ ပြောင်းပေးခဲ့ကြပါသည်။


           ဆက်လက်၍ဒုတိယပိုင်းတွင်လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေးမြိုနယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စစ်တွေခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က လူဦးရေစာရင်းမှန် ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့  မြို့နယ်(Worki ng Group)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာအဆို ပါအဖွဲ့၏ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ယခုဖွင့်လှစ်သည့်မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း သား၊သင်တန်းသူများအနေနှင့်သင်ကြားပို့ချမှုအပေါ်အလေး ထားပြီး သင်ယူကြရန်ပြောကြားခဲ့သည်။


     ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းဦးနှင့်အဖွဲ့သည်ရသေ့တောင်မြို့ကမ်းနားလမ်းအပန်း‌ဖြေစခန်း‌ ဆောက်လုပ်မည့်မြေနေရာနှင့်မူလတန်းကြိုကျောင်းဆောက်လုပ်မည့်မြေနေရာများအားသွာ‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့ကြ‌ ကြောင်းသိရှိရည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)