(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းနှင့်အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းနှင့်အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲကျင်းပ





MNP  -   ဒီဇင်ဘာ  ၂၅

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းနှင့်အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်းတွင်ပြုလုပ်ခဲ့သည်။


အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် MT အသင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားရာ MT အသင်းက အနိုင်ရရှိသည်။အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် ခလရ(၁၄၃)အသင်းနှင့်ခလရ(၁၄၅) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ခလရ(၁၄၃)အသင်းက အနိုင်ရရှိသည်။


ထို့နောက် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ရရှိသည့်အသင်းများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့်တာဝန်ရှိသူများက လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးတင့်နှင့်တာဝန်ရှိသူများက ဆုဖလားနှင့်ဂုဏ်ပြုဆုငွေတို့ကို လည်းကောင်း၊ ပြိုင်ပွဲတွင်ဒိုင်အဖြစ်ပါဝင်ကူညီဆောင်ရွက်ပေးသူများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၁၄)သင်း၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)