MNP - ဒီဇင်ဘာ ၅
ပြည်သူများအနေဖြင့် နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့လမ်းညွှန်မှု ကန့်ဘလူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆန်၊ ဆီနှင့်အခြား စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီက ကန့်ဘလမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်နှင့် ကြက်ဥတို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သားနှင့်ကြက်ဥ ငါးလုံး စသည့်ပစ္စည်းလေးမျိုးတို့ကို ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း သက်သာစွာ ရောင်းချပေးခြင်းဖြစ်ကြာင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment