မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း ပြီးလုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း ပြီးလုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP -  ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ မှ

လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ

ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအ ဝေး ခန်းမ၌ ယမန်နေ့လယ်

၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့

ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ ဌာနဆိုင်ရာများတွင် ကော်မတီများဖွဲ့စည်းရာတွင် ပြည်နယ်

အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့်သာ ကော်မတီဖွဲ့စည်းရန်၊ ဌာနဆိုင်ရာများ ခရိးထွက်ခွာ

မည်ဆိုလျှင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကိုအကြောင်းကြားပြီးမှ သွားလာကြရန်၊

တောင်ရပ် ရပ်ကွက် မင်းဘာကြီး လမ်းကို တစ်လမ်းမောင်းအဖြစ်ပြန် လည်လုပ်ဆောင်

ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း ပွင့်လန်းရာသီ သို့ ရောက်ရှိလာပြီဖြစ်၍ဌာနဆိုင်များ မိမိတို့ဌာနများကို မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကြို တင်လုပ် ဆောင်

ကြရန် နှင့် မြို့ပေါ်ရပ်ကွက်ရှိ ဆီဆိုင်များသို့ သက်ဆိုင်ရာဌာနများမှ မီးဘေး အန္တရာယ်

ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးကြရန် စသည်တို့ကိုပြောကြားခဲ့ပြီး

နောက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း

သက် ဆိုင်ရာဌာနဆိုင်ရာများ မှ ယဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ ကို ပြည်သူတို့

သိရှိနိုင် ရန်အတွက် အသိပညာပေးလုပ် ငန်းများ ဆက်လက် လုပ်ဆောင်ကြရန်

တို့ကိုပြောကြား ခဲ့သည်။

 မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် မှလည်း

ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မြောက်ဦးခရိုင်အတွင်း ရှိ မော်တော်ကား၊ဆိုင်ကယ် ၊

သုံးဘီးဆိုင်ကယ်များကို သက်တမ်းတိုးပေးရန် မောင်းလိုင်စင် မရှိသူများကိုလည်း

မောင်းလိုင်စင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း စသည့့်် အကြောင်းအရာ များကို

ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကာဦးစီးမှူး မှလည်း (၇၅)

နှစ်မြောက်စိန်ရတုလွတ် လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာ ဝန်ထမ်းများကို

ခြင်လုံး ပြိုင်ပွဲ နှင့် တင်းနစ်ပြိုင်ပွဲ တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

သွားမည်ဖြစ်ကြောင်း စသည့် တို့ကို ပြောကြားခဲ့သည်။

        ပြီးနောက်ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို

ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ မှ ခရိုင်အဆင့်ဌာန ဆိုင်ရာ များ၏လုပ်ငန်းများအပေါ် ပေါင်းစပ် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)