မ်းဗြဲမြို့၌ မြို့သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်များမှစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မ်းဗြဲမြို့၌ မြို့သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်များမှစုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP  -   ဒီဇင်ဘာ     ၃၁

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့သန့်ရှင်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့်ဌာနဆိုင်ရာဝန်ထမ်းများမှ အပါတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့ နံနက် ၈နာရီအချိန်က ရမ်းဗြဲမြို့ ဦးမြဝါလမ်း We love Yamye ဆိုင်းဘိုလ်းစိုက်ထူရာလမ်းဘေးတစ်လျှောက်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းဆောင်ရွက်ပေးကြသည်။


    အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ရပ်ကွက်အုပ်ချုပရေးမှူးများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


    ထိုသို့ဆောင်ရွက်ရာတွင် သစ်ရွက်ခြောက်များကို လှဲကျင်း ကောက်ယူခြင်း စွန့်ပစ်အမှိုက်များနှင့် ပလပ်စတစ်များရှင်းလင်းပေးခြင်း၊ မြက် ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းတို့ကိုဆောင်

ရွက်ကြပြီး မြို့နယ်စည်ပင်သာယာအဖွဲ့အမှိုက်သိမ်းယဉ်ဖြင့်သိမ်းဆည်းသယ်ဆောင်ပေးခြင်းများကိုဆောင်ရွက်ပေးကြသည်၊ ၎င်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းမှ လာရောက်ကြည့်ရှုပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)