မြေပြင်လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပြင်လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်




MNP - ဒီဇင်ဘာ ၈


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံအိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင် းသိရသည်။


ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်နေထိုင်သည့် အခြေခံအိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်မှုရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် သေဆုံးစာရင်းများပယ်ဖျက်ခြင်း၊ လူပုဂ္ဂိုလ်အမည်စာရင်းတူနေခြင်း၊ မွေးဖွားသည့် ရက်/လထပ်နေသူများစစ်ခြင်း၊ မွေးသက္ကရာဇ်မပါသူများ/မပြည့်စုံသူများစစ်ခြင်း၊ နိုင်ငံသားကတ်မှန်/မမှန်စီစစ်ခြင်း အသက်(၁၈)နှစ်အထက်/(၁၈)နှစ်အောက်နိုင်ငံသားကတ်မရှိသူများ စိစစ်ခြင်းတို့ကို စနစ်တကျတိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါမြေပြင်လူဦးရေစာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် သတ် မှတ်ကာလတွင် အချိန်မှီပြီးစီးရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ် ဆေးရေးဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ထံမှ သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)