မင်းဘူးမြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၌ ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရေး မြေပြင်လုပ်ငန်း ၉၇ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၌ ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရေး မြေပြင်လုပ်ငန်း ၉၇ ရာခိုင်နှုန်းပြီးစီး



MNP v  -   ဒီဇင်ဘာ  ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ဇီးအိုင်ကျေးရွာအနီးရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစီမံကိန်းမှ ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရေးအတွက် မြေပြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း စီမံကိန်းတာဝန်ခံထံမှ သိရသည်။


အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က ဂုတ်ကြီးကွင်း အမှတ် ၁၂၇၃ စီမံကိန်းဧရိယာ ၈၃၆ ဧကဖြင့် ဖွင့်လှစ် ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်တွင် ဓာတ်အား (၄၀) မဂ္ဂါဝပ် စတင် ထုတ်လွှတ်၍ ရခိုင်ပြည်နယ် အမ်းမြို့ဓာတ်အား ခွဲရုံသို့ ၂၅ မဂ္ဂါဝပ်နှင့် မင်းဘူးမြို့ မန်းဓာတ် အားခွဲရုံသို့ ၁၅ မဂ္ဂါဝပ် ပို့လွှတ်ထားပြီးဖြစ်သည်။


စီမံကိန်း စတင်ဆောင်ရွက်စဉ်က အဆင့် (၄) ဆင့် ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့် (၄၀) မဂ္ဂါဝပ်၊ ဒုတိယ အဆင့် (၄၀) မဂ္ဂါဝပ်၊ တတိယအဆင့် (၄၀) မဂ္ဂါဝပ်နှင့် စတုတ္ထ အဆင့် (၅၀) မဂ္ဂါဝပ်များဖြင့် ဓာတ်အား ထုတ်လွှတ်နိုင်ရေး ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဓာတ်အားထုတ်လွှတ်ခြင်းမှ ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လွှတ်ခြင်းအား ကိုဗစ်-၁၉ ရောဂါများကြောင့် ကြန့်ကြာ လျက်ရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ မြေပြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ ခွဲရုံသုံးပစ္စည်း၊ ထရန်စဖော်မာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ ရောက်ရှိလာပြီး ရာသီဥတု သာယာပါက ၁ နှစ်အတွင်း တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးနိုင်ပြီး လျှပ်စစ်ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရင်းနှီးမြုပ်နှံမှု ကော်မရှင်တို့၏ အတည် ပြုချက်ရရှိပါက ဓာတ်အားပို့လွှတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း GEP (Myanmar) Co..Ltd မှ စက်ရုံမှူး ဦးညွန့်အောင်က ပြောပြသည်။      


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)