စလင်းမြို့ ကျောင်းကြားရပ်ကွက် ထန်းဖူးတောလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၉၀) ရာခိုင်နှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့ ကျောင်းကြားရပ်ကွက် ထန်းဖူးတောလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၉၀) ရာခိုင်နှုန်းပြည့်ပြီးစီး



MNP -  ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ကျောင်းကြားရပ်ကွက် ထန်းဖူးတောလမ်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၉) ရက်နေ့က စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကာ ယခုအခါ (၉၀)ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်းရှိ လမ်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၉.၀၀၀)ကျပ်သန်း အကုန်အကျခံကာ လမ်းအရှည် (၄၃၆) ပေ၊ အကျယ် (၁၂) ပေ၊ အမြင့်ထု ၆ လက္မတို့ဖြင့် ကျောင်းကြားရပ်ကွက် ထန်းဖူးတောလမ်း မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း ဒီဇင်ဘာလ (၁၉) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကွန်ကရစ် လမ်းအား  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကာ စံချိန်စံညွှန်း အရည်အသွေးများနှင့် ဆောင်ရွက်ပြီးစီးနိုင် ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးမြင့်မြတ်နှင့် စည်ပင်သာယာ‌ရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်တို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပေါ်လမ်းများနှင့် ဆက်စပ်သည့်ရွာများကိုလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်တင်အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည်။ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းများအား အဆင့်မြှင့်တင်၍ ကွန်ကရစ်လမ်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လမ်း(၁၄)လမ်းအထိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နိုင်ခဲ့သည့် အတွက်  မြို့ပေါ်ရပ်ကွက် အသီးသီးတို့မှ ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ကျောင်းသူ၊ ကျောင်းသားကလေးငယ်များ ပညာရေးမှအစ လွယ်ကူလျင်မြန်စွာ အချိန်အခါမရွေး သွားလာနိုင်တော့မည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် လမ်းများကို လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရ သည်။          


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)