MNP - ဒီဇင်ဘာ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက မြို့ဦးရွှေစည်း ခုံစေတီ တော်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူး မျှော် နိုင်ရေးအတွက် ရင်ပြင် အနီး အနားရှိ အမှိုက် သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက် စည်း လှဲခြင်း ၊ ဘုရား ပရဝဏ်အတွင်း / အပြင် များတွင် သန့်ရှင်း ရေးပြုလုပ်ခြင်း ၊ အမှိုက် များ အားရှင်း လင်း ခြင်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment