MNP - ဒီဇင်ဘာ ၂၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် (၆)မြို့နယ် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ (ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေး/ခုန်/ပစ်) လူရွေးပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇နာရီခွဲ အချိန် က ဟင်္သာတမြို့ ပြည်သူ့အား ကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားကွင်းအတွင်း နေရာယူပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသမားများက ခရိုင်ဥက္ကဋ္ဌ အားအလေးပြုခြင်း၊အားကစား သစ္စာဓိဌာန် ရွတ်ဆိုခြင်းများ ဆောင်ရွက်ကြပြီးနောက် စစ်ကြောင်းမှူး ဦးဆောင်ကာ အားကစားကွင်း အတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သော ဟင်္သာတခရိုင် (၆)မြို့နယ် အခြေခံပညာ ကျောင်းသားအား ကစားပြိုင်ပွဲ (ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ပြေး/ခုန်/ပစ်) လူရွေးပွဲ အခမ်းအနားတွင် ကြံခင်းမြို့နယ် ဘောလုံးအသင်းနှင့် ဇလွန်မြို့နယ် အသင်းတို့ စတင် ယှဥ်ပြိုင် ကစားခဲ့ကြကြောင်းနှင့် အခြားအားကစား ပြိုင်ပွဲများကိုလည်း တစ်ပြိုင်တည်း ကျင်းပ လျက်ရှိကြောင်း သိရသည်။
ကိုဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment