ပေါ်ဦးပေါ်စရာသီစာ သမုန်းဖူး၊သမုန်းပွင့်များ ရောင်းအားကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါ်ဦးပေါ်စရာသီစာ သမုန်းဖူး၊သမုန်းပွင့်များ ရောင်းအားကောင်း


MNP  -   ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ညောင်ဦးမြို့၊ မဏိစည်သူဈေးနှင့် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့ ပေါ်စပေါ်ဦးသမုန်းဖူး၊ သမုန်းပွင့်များ ဈေးနှုန်းကောင်းစွာရောင်း ချခြင်းဖြင့် သမုန်းဖူးခူး ဆွတ်ရောင်းချသူများဈေးနှုန်းကောင်းရရှိနေပြီး တဆင့်ပြန်လည်ရောင်းချသူများလည်း အဆင်ပြေစွာ ရောင်းချနေရကြောင်း သဖုန်းဖူးတဆင့်ပြန်လည်ရောင်းချသည့် ဒေါ်အိအိစိုးထံက သိရသည်။


ညောင်ဦးမြို့နယ်တွင်၊ တုရင်တောင်တောင်တန်းဘေးရှိကျေးရွာများ၊ ငါ့သရောက်မြို့ရှိကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ် သမုန်းဖူး၊ သမုန်းပွင့်ခူးယူရောင်းချကြသည့် ရွာသစ်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာနှင့်လဲဂွကျေးရွာများမှကျေးလက်တောင် သူများသည် အလေ့ကျပေါက်သည့် သမုန်းပင်များဖူးပွင့်ချိန် ဒီဇင်ဘာလလောက်တွင် စတင်ဖူးပွင့်ကြကာခူးဆွတ်ရောင်းချကြကြောင်း၊ သမုန်းပင်များသည် ဖူးပွင့်ချိန်အချိန်ကွာ ခြားမှုရှိကြကာအောက်တောတွင် ပေါက်ရောက်သည့်သမုန်းပင်များသည် အဖူးအပွင့်ပွင့် ချိန်စောကာ၊ အထက်တော တွင်ပေါက်ရောက်သည့်သမုန်းပင်များ အဖူးအပွင့်နောက်ကျကြောင်း ဂွေးကုန်းကျေးရွာ သမုန်းပွင့်ခူးရောင်းချသည့် ဦးသန်းနိုင်ကရှင်းပြသည်။ အထက်တော အောက်တောဆိုသည်မှာ ပုပ္ပားတောင်ကြိုးဝိုင်းတောအတွင်းအပင်များအား အထက်တောခေါ်ကာ ၊ရွာနီးချောင်းစပ်ပေါက် ရောက်သည့် သမုန်းပင်များအား အောက်တောအပင်များဖြစ်ကြောင်း၊ သမုန်းဖူး၊သမုန်းပွင့်ခူးရာတွင် အင်မတန်လက်ဝင်ကာ တနေကုန်ခူးမှ ငါးပိသာလောက်သာရကြောင်း၊ ဖူးသည့်၊ ပွင့်သည့် အပင်တွေ့မှလည်းငါးပိသာရရှိကြောင်း၊ နှစ်စဉ်နှစ်တိုင်း သမုန်းဖူးပေါ်ချိန် ဘယ်တောဘယ်အပင် ဘယ်နေ့ဘယ် ရက်ပေါ်ကြောင်း၊ဖူးကြောင်းမှတ်မိနေကြကာ ဝါကြီးထပ်သည့်နှစ်၊ ဝါကြီးမထပ် သည့်နှစ် ရက်စွဲများမှတ်သားကြကာ သွားရောက်ရှာဖွေစရာမလိုပဲခူးကြရကြောင်းသိရသည်။


သမုန်းပင်အား ရှေးသမားတော်များက သမားမုန်းပင်ဟုခေါ်ဆိုကြကြောင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် သမုန်းပင်၏ ပဉ္စငါးပါးတစ်ခုခုပါမှတိုင်းရင်းဆေးဖော်ထုတ် မရကြောင်း၊ သမုန်းပင်အား သမားတော်များဒီလောက်မုန်းခဲ့သောကြောင့် သမားမုန်းပင် ဟုပင်ခေါ်တွင်ခဲ့ရကြောင်း ကျောက်ပန်းတောင်းမြို့နယ် နတ်ကန်လည်ကျေးရွာ၊ တိုင်းရင်းဆေးသမားတော်ကြီး ဦးမောင်ရှင်၏သမီး ဒေါ်စန်းစန်းမြင့်က သူမ၏အဖေပြော ကြားချက်များအားရှင်းပြပြီး သမုန်းဂျက်ဖောင်း တက်သည် မျက်စီယောင်ခြင်း၊ မျက်ရည် ပူထွက်ခြင်းများအား သွေး၍လိမ်းပါက နှစ်ရက်အတွင်း ပျောက်ကင်းပြီး၊ ဝက်ခြံ၊ တင်းတိတ်ရှိသူများ သွေးလိမ်းပါက မျက်နှာအေးကာပျောက်ကင်း ကြောင်းလည်းရှင်းပြသည်။


သမုန်းဖူးပေါ်စက နှစ်ဆယ်ငါးကျပ်သားသုံးထောင်ကျပ်မှသုံး ထောင်ငါးရာကျပ်ထိ ရောင်းချရပြီး၊ ဆွတ်ခူးရောင်းချသူများက ညောင်ဦးမြို့ မဏိစည်သူဈေး၊ ကျောက်ပန်းတောင်း ဈေးသို့တဆင့် သွင်းရောင်းချခြင်း၊ တဆင့်ပွဲစားများကရန်ကုန်၊ မန္တလေးဈေးကွက်သို့ တဆင့်ပြန်လည်တင်ပို့ ရောင်းချကြရာ သမုန်းဖူးခူးဆွတ်ရောင်းချသူများ တစ်ရက်လျှင် ငွေကျပ်နှစ်သောင်းကျော်ထိ ဝင်ငွေရရှိနေကြောင်းသိ ရသည်။


ကိုကြေးမုံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)