မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း(ပဲခူးတိုင်းဒေသကြီး)မှ စာကြည့်တိုက်များအတွက် သုတ၊ရသ၊နှင့် ဘာသာရေးစာအုပ်များ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း(ပဲခူးတိုင်းဒေသကြီး)မှ စာကြည့်တိုက်များအတွက် သုတ၊ရသ၊နှင့် ဘာသာရေးစာအုပ်များ ပေးအပ်လှူဒါန်း


MNP  -  ဒီဇင်ဘာ ၂၅    

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း(ပဲခူးတိုင်းဒေသကြီး)မှ စာကြည့်တိုက်များအတွက် သုတ၊ ရသနှင့် ဘာသာရေးစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စာကြည့်တိုက်များရှိရာ နေရာအသီးသီးသို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး) ဥက္ကဋ္ဌ စာရေး ဆရာမဝတ်ရည်ခင်(ပဲခူး)၊ အတွင်းရေးမှူးဦးကျော်မင်းနိုင်၊ ဘဏ္ဍာရေးမှူး စာရေးဆရာမ နုခန့်ယဉ်တို့သည် ပဲခူးမြို့ ကိုထွဋ်ဘိုးဘွားများစောင့်ရှောက်ရေး ဂေဟာသို့သွားရောက်၍ အဘိုး၊ အဘွားများ ဖတ်ရှု့လေ့လာနိုင်ရန်အတွက် ဘာသာရေးစာအုပ်နှင့် တရားစာအုပ်များအား ပေးအပ် လှူဒါန်းခဲ့ကြပြီး  စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး) ဦးဆောင်သည့်အဖွဲ့သည် ဥဿာမြို့သစ်ရှိ စာပေဥယျာဉ် စာကြည့်တိုက်နှင့် ရစ်ကန်ကြီးကျေးရွာ အခြေခံပညာအထက် တန်းကျောင်း စာကြည့်တိုက်များသို့သွားရောက်ပြီး အများပြည်သူနှင့် ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် အသစ်ထွက်ရှိသည့် သုတ၊ရသ စာအုပ်၊ စာစောင်များအား စာကြည့်တိုက်တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)