ပရီးမီးယားလိပ်ပွဲစဉ် ၁၈ စနေန့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၁၈ စနေန့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဒီဇင်ဘာ ၃၀


ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၁၈ အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ်  ၆ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။


ဝုလ် - မန်ယူ (ယနေ့ည ၇:၀၀)

ဝူဗာဟမ်တန်အသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဝုလ်အိမ်ကွင်း မိုလင်မြူးန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ကောင်းမွန်နေပြီး ဒီနေ့ညပွဲစဉ်မှာ ဧည့်သည် မန်ယူတိုက့ဘဲ ဂိုးကွာဟချက် နည်းနည်းဖြင့်သာ အနိုင်ရသွားပါလိမ့်မယ်။


ဘုန်းမောက်ခ် - ခရစ္စတယ် ပဲလေ့စ် (ယနေ့ည ၉:၃၀)

ဘုန်းမောက်ခ်အသင်းနှင့် ခရစ္စတယ် ပဲလေ့စ်အသင်းတို့ဟာ ဘုန်းမောက်ခ်အိမ်ကွင်း ဗစ်တာလတီကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်စလုံး လက်ရှိအချိန်မှာ ရုန်းကန်နေရတာ ဖြစ်ပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဂိုးနည်းပြီး သရေသာ ထွက်ပေါ်မည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


ဖူဟမ် - ဆောက်သမ်တန် (ယနေ့ည ၉:၃၀)

ဖူဟမ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ ဖူဟမ်အိမ်ကွင်း ကရာဗန် ကောတိတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖူဟမ်အသင်းမှာ လက်ရှိရာသီ ခြေစွမ်းပိုင်း အသင့်အတင့် ကောင်းမွန်နေပြီး အဓိက တိုက်စစ်မှူး မီထရိုဗစ် လည်း ပါဝင်ကစားမှာ ဖြစ်တာကြောင့် ဖူဟမ်အသင်းကဘဲ ဂိုးကွာဟချက်နည်းနည်း ဖြင့် အနိုင်ရသွားပါလိမ့်မယ်။


နယူးကာဆယ် - လိစ်  (ယနေ့ည ၉:၃၀)

နယူးကာဆယ် အသင်းနှင့် လိစ် ယူနိုက်တက် အသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းပေါ့တ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး နယူးကာဆယ်အသင်းက လက်ရှိရာသီ ခြေစွမ်းအတော်လေးကောင်းမွန်နေတာ ဖြစ်ပါတယ်။ဒီနေ့ညပွဲစဉ်မှာတော့ ၂ - ၀ သို့မဟုတ် ၃ -၁ ဖြင့် အိမ်ရှင် နယူးကာဆယ်တို့ ကဘဲ အနိုင်ရသွားမှာ ဖြစ်ပါတယ်။


မန်စီးတီ - အဲဗာတန် (ယနေ့ည ၉:၃၀)

မန်ချက်စတာစီတီးအသင်း နှင့် အဲဗာတန်အသင်းတို့ဟာ မန်စီးတီအိမ်ကွင်း အီးတီးဟတ်ကွင်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မန်တီးစီးအသင်းဟာ ပရီးမီးယားချန်ပီယံဆု အတွက် အာဆင်နယ်အသင်းကို ဖိအားပေးဖို့ အကောင်းဆုံးကစားကြမှာ ဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ၂ - ၀ သို့မဟုတ် ၃ - ၁  ဖြင့် အိမ်ရှင်မန်တီးစီး တို့ အနိုင်ရသွားမည် ဖြစ်သည်။


ဘရိုက်တန် - အာဆင်နယ် (ယနေ့ည ၁၂:၀၀)

ဘရိုက်တန်အသင်းနှင့် အာဆင်နယ် အသင်းတို့ဟာ ဘရိုက်တန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘရိုက်တန်အသင်းဟာ အာဆင်နယ်အသင်းကို အမြဲဒုက္ခပေးလေ့ရှိပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဧည့်သည်အာဆင်နယ်အသင်းက ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားမှာ ဖြစ်ပါကြောင်း ခန့်မှန်းလိုက်ရပါတယ်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)