အောင်လံမြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းအလေ့အထတို့ကို လျှော့ချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အောင်လံမြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းအလေ့အထတို့ကို လျှော့ချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

113

114


MNP -  ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းအလေ့အထတို့ကို လျှော့ချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၈ ရက် ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကွမ်းယာနှင့်ဆေးလိပ်ရောင်းချသူတို့ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းနိုင်က ကွမ်းယာနှင့်ဆေးလိပ်သောက်ခြင်းအလေ့အထတို့ကို လျှော့ချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ကွမ်းယာနှင့်ဆေးလိပ်သောက်ခြင်းတို့၏ ဆိုးကျိုးများကို အသိပညာပေးဆွေးနွေးကြပြီး တက်ရောက်လာသော ဈေးရောင်းချသူများမှ သိရှိလိုသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


မျိုးသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages