မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP  ၊ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံသံဂဟေဆက်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 


ဖွင့်ပွဲအခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က အတန်းပညာ ကန့်သတ်ချက်များကြောင့် အလုပ်အကိုင်မရရှိတဲ့ လူငယ်လူရွယ်များ ဒီပညာရပ်ကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့၊ ဒီလုပ်ငန်းမှ တစ်ဆင့် မိသားစုဝင်ငွေရရှိဖို့ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်ဖို့နဲ့ ဌာနရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေဖို့ရည်ရွယ်၍ အခြေခံလျှပ်စစ် သံဂဟေဆက်နည်း သင်တန်းကို သင်တန်းသား (၁၀)ဦးဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အအထိ သင်တန်းကာလ တစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သံဂဟေဆက်ခြင်းဆိုင်ရာ အခြေခံများ၊ အခြေခံလျှပ်စစ်သံဂဟေဆက်၊ Welding Positions၊ Welding Joints၊ အတိုင်းအတာများ၊ သံပန်းသံတံခါး လက်တွေ့ပြုလုပ်ခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်းနှင့် ကုန်ကျစရိတ်တွက်ချက်ခြင်း စသည့်ဘာသာရပ်များကို နေ့စဉ် နံနက် ၉ နာရိ ၃၀မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်နှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး  ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားကို ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)