ပေါက်တောမြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်






MNP -  ဒီဇင်ဘာ  ၂၇

ပေါက်တောမြို့(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့ နေ့လယ် ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်​ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်းသိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူက အိမ်ထောင်စုလူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူရမည့် လုပ်ငန်းစဉ်များ၊ သင်တန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းကို ပေါက်တောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများ စုစုပေါင်း ၁၇၄ ဦး တက်ရောက်ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ပေါက်တောမြို့နယ်၌  ၅၈ ဖွဲ့ ဖွဲ့စည်းထားရှိကြောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)