တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ ကိုကြိုဆိုဂုဏ်ပြု အောင်သုခ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ ကိုကြိုဆိုဂုဏ်ပြု အောင်သုခ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ





MNP ၊ ဒီဇင်ဘာ ၉

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၏ ကိုင်းရှည်ကျေးရွာ ရှိ အောင်သုခလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် အဆိုပါလမ်းမုဒ်ဦးရှေ့၌ကျင်းပသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမောင်စိန် တို့က အမှာစကားပြောကြားပြီးနောက် ရပ်မိရပ်ဖ ဦးဝင်မြင့် ကကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ၊  ဥက္ကဌ ဦးဇာနည်တိုး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ အမှုဆောင်အရာရှိ ဦးမောင်စိန် နှင့် ရပ်မိရပ်ဖ ဦးဘလှိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အထိမ်းအမှတ် အလံများကိုပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်တာဝန်ရှိသူများက လက်ခံရယူပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများက အောင်သုခလမ်းမတစ်လျှောက်လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် သန်း(၁၁၄-၁၄၅)ဖြင့် ဝတီနန်းမြင့်စံကုမ္ပဏီလီမိတက် မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၈)ပေ ၊ အရှည် (၁၄၁၈) ပေရှိကြောင်းနှင့်အဆိုပါလမ်းမှာ ယခင်က အမာခံကျောက်ချောလမ်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း အဆင့်သို့ မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အခမ်းအနားသို့ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ ၊ ဝတီနန်းမြင့်စံကုမ္ပဏီမှ တာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)