ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်ခြင်းမြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်ခြင်းမြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်လှစ်

108

109

110


MNP  -  ဒီဇင်ဘာ ၂၃

   မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်း မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


   အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးမင်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁)ဦးမင်းတင်ဇော်ဦးက ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များကို power point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။


   အဆိုပါ ပဏာမ မျက်စိကျန်းမာရေးစောင့်ရှောက်ရေး ဆင့်ပွားသင်တန်း သို့ ဘီးလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၆၀ ဦး တက်ရောက်ကြ ပြီး  သင်တန်းနည်းပြ ၃ ဦးက ၂ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်သည်။ ယင်း သင်တန်းပြီးမြောက်သွားပါက ဘီးလင်းမြို့နယ် အတွင်းရှိ မူလတန်း ကျောင်းသား၊ကျောင်းသူ ၁၁၆၀၃ ဦးတို့အား မြို့နယ် ကျန်းမာရေး ဝန်ထမ်း များက မျက်စိကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၂၆ ရက် နေ့မှ ဇန်နဝါရီ ၉ ရက်နေ့အထိ စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ထူးနောင်၊

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages