(၆၃) ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၃) ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ




MNP - ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်တွင် ဒီဇင်ဘာ (၁၈) ရက် ည (၇) နာရီက (၆၃) ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ခွဲ (ကျိုင်းတုံ) ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းအား နေရာအရောက် ဂါရဝဂုဏ်ပြုပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးများ အပ်ကာ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အသင်းများမှ TeamBest ရရှိသည့် ကစားသမားများ အမည်စာရင်း ကြေညာ၍ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးကြပြီး အမျိုးသားတစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အမျိုးသား အသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဧည့်သည်တော် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိသူ များအား ဆုချီးမြှင့်ပေးကြပြီး အမျိုးသားတစ်ဦးချင်း (အကျောမဲ့) ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ဆုရရှိသူများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က ဆုများချီးမြှင့်ပေးပြီး တံခွန်စိုက်ဖလားရရှိသော တာချီလိတ် (က) အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက တံခွန်စိုက်ဖလားအား ချီးမြှင့်ပေးကြောင်း သိရသည်။

မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)