နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ


98

99

100


MNP   -  ဒီဇင်ဘာ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းကျင့် ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့်  ယနေ့ နေ့လယ်(၂)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ဦးစီးအရာ ရှိ ဦးစန်းဝင်းက ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ စာအုပ်တွင်ပါရှိသည့် ပြည်သူများအပေါ် ပိုမိုထိရောက်ကောင်း မွန်သည့် ဝန်ဆောင်မှုများပံ့ပိုးပေးနိုင်ရေးအတွက် စဉ်ဆက်မ ပြတ်ဆန်းသစ်တီထွင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများပေါ်ထွက်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများထံမှ ပြည်သူများမျှော် လင့်သည့်ပွင့်လင်းမြင်သာမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ယုံကြည်အားထားရမှုများတိုးမြှင့်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် ကောင်းမွန် သောဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအ တွက်အထက်အောက်ဆက်ဆံရေး၊ တန်းတူဆက်ဆံရေး အဆင် ပြေချောမွေ့စေမှုနှင့် အပြန်အလှန်ယုံကြည်စေမှုတည်ဆောက်ရန်အတွက် အလုပ်ဌာနဝန်းကျင်ကောင်း ဖန် တီးပေးနိုင်ရန်၊ နိုင်ငံ့ဝန်ထမ်းများသည် မိမိအား ပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တ ရားများကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ထက်မြတ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ ယုံ ကြည်အားထားရမှု၊ သမာသမတ်ကျမှု၊ ဆက်ဆံရေး ပြေပြစ်မှုနှင့် အဂတိကင်းရှင်းမှုတို့ရှိခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍမြင့်မားလာစေရန်၊ ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များကို နိုင်ငံ့ဝန်ထမ်းများက လိုက်နာခြင်းအားဖြင့် ပြည်သူများ အားလုံးပါဝင်မှုရှိသော တန်းတူညီမျှမှုရှိသောခိုင်မာအား ကောင်းသည့် ဒီမိုကရေစီအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းဆွေး နွေးပြောကြားခဲ့သည်။


ယင်းနောက် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းကျင့် ဝတ်ဆိုင်ရာစံသတ် မှတ်ချက်များသည် ကျင့်ဝတ်သက္ခာနှင့်ပြည်စုံသော နိုင်ငံ့ဝန် ထမ်းများဖြစ်ပေါ် လာစေရေး၊ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေး ပိုမိုကောင်းမွန်သည့် လူမှုအဖွဲ့အ စည်းဖြစ်ပေါ်လာစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းတိုင်းသိရှိစောင့် ထိမ်းလိုက်နာ ဆောင်ရွက်ကျရန် တို့ကို ပါဝင်ဆွေးနွေးပြောကြားခဲ့ပြီး ဦးစီးအရာရှိကလိုအပ်ချက် များကို ဖြည့်စွတ်ပြော ကြားခဲ့သည်။


စိုးမင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages