မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း တောင်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း တောင်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ


MNP  -   ဒီဇင်ဘာ ၂၂

နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုသည့် မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ လယ်ယာကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း တောင်သူများ တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကျေးရွာဓမ္မာရုံ၌ ကျင်းပဆောင်ရွက်ခဲ့သည်။


တွေ့ဆုံပွဲတွင် ဦးစွာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးယဉ်ထွန်းက တောင်သူများအနေဖြင့် သွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းဖြင့် တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက်လာစေရန်၊ ဈေးနှုန်းနှင့် ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေ ပိုမိုရရှိ စေခြင်းဖြင့် နိုင်ငံစီးပွား တိုးတက်မြင့်တက်လာစေရန်၊ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့ အားလုံး အကျိုးအမြတ်ကိုယ်စီ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေ ရန်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်မှုရရှိစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါး စီမံကိန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စီမံကိန်းတွင်ပါဝင်ပြီး တက်ရောက်လာသည့် တောင်သူများမှ စီမံကိန်းအကြောင်း နှင့် သီးနှံစိုက်ပျိုးရေ ရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် သီးနှံစိုက်ပျိုးရာတွင် ထွန်ယက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် စက်ကရိယာ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တောင်သူများ လိုအပ်သည့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ရရှိခြင်း၊ အသုံးပြုနိုင်ခြင်း၊ အထွက်နှုန်းတိုးစေခြင်း၊ ဝင်ငွေတိုးစေခြင်း စသည့် အကျိုးများစွာ ရရှိလာမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းအား ရှေ့ပြေးအနေဖြင့် အောင်မြင်စွာ ဆောင်ရွက်ပြီး နောင်လာမည့် ရာသီများတွင် ဆက်လက်ပြီး မတည်ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည့်အပြင် တောင်သူများ အပါအဝင် လုပ်ငန်းကွင်းဆက် တစ်ခုလုံးတွင် ပါဝင်သူအားလုံး အကျိုး ဖြစ်ထွန်း လာစေမည်ဖြစ်ကြောင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအား ဆုံးရှုံးမှုမရှိဘဲ အကျိုးဖြစ်ထွန်းစေရန် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံစီးပွားသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။


အဆိုပါ စီမံကိန်းကို တောင်သူများ သီးနှံအထွက်တိုးစေဖို့နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကာ ပထဆုံးအကြိမ်ဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပွင့်ဖြူမြို့နယ်တွင် ဧက(၁၅၀၀၀) စိုက်ပျိုးရန် လျာထားစိုက်ပျိုးသွား မည်ဖြစ်ပြီး စီမံကိန်းတွင် ပါဝင်သော တောင်သူများအား ငွေကျပ်(၂)သိန်းနှင့် ညီမျှသော မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုများအား ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းကို မြို့နယ်(၆)မြို့နယ် ကျေးရွာအုပ်စု(၆၂)အုပ်စု နှင့် တောင်သူပေါင်း (၁၃၃၁၅)ဦးတို့ဖြင့် ဧကပေါင်း(၂၅၀၀၀)စိုက်ပျိုးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)