အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ)၌ ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ)၌ ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပ


MNP - ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၌ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။


ကျောင်းသား/သူများသည် ပညာရေးအပြင် ကိုယ်ကာယကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် ယခုလိုဆောင်းရာသီကာလ ကိုယ်လက်လှုပ်ရှား အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် အချင်းချင်း ချစ်ခင်လေးစားမှုရှိစေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ဖြစ်လာစေရန် အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အားကစားပြိုင်ပွဲများ ကျင်းပသည်။


အဆိုပါ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးထုတ်ဆီးထိုးပြိုင်ပွဲ၊ အမျိုးသားခေါင်းအုန်းရိုက်ပြိုင်ပွဲ၊ အမျိုးသား စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသား ဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ကျင်းပပေးမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အမျိုးသား/အမျိုးသမီး ၄၀ ဦးရှိကြောင်းနှင့် အားကစားပြိုင်ပွဲများကို ယနေ့မှ စ၍ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)