(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် တက်ရောက်ဂုဏ်၍ သဝဏ်လွှာဖတ်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် တက်ရောက်ဂုဏ်၍ သဝဏ်လွှာဖတ်ကြား








MNP ၊ ဒီဇင်ဘာ ၁၅

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား လူမျိုးစုအလိုက် ရိုးရာယဉ်ကျေးမှု ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု (ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယအဆင့်)နှင့် ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသူများ၊ ဂုဏ်ပြုမှတ်တမ်းလွှာဆု ရရှိသူများ၊ (၄၈) နှစ်မြောက် ရခိုင်ပြည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ၊ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စု စုပေါင်းယိမ်းအကအဖွဲ့များက“ပြည်ထောင်စုရဲ့ ထာဝရအလှများ”တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ စာပေနှင့်ယဉ်ကျေးမှုပြခန်းတို့ကို ကြည့်ရှုအားပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ခိုင်သဇင်ပန်းခြံတွင် ပြုလုပ်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲသို့သွားရောက်၍ ဆန်ထွက်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ စားကုန်၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ၊ စက်မှုထုတ်ကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် တိုင်းရင်းဆေးဝါး လုပ်ငန်းများ၊ ငါးလုပ်ငန်းထုတ်ကုန် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး (အပေါ်ပုံ) ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ထုတ်လုပ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ယင်းနောက် အဖွဲ့ဝင်များသည် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှိ ဓညဝတီ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲ/ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှု အားပေးကြပြီး အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစား သမားများအားတစ်ဦးချင်း လည်ဆွဲတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)