ဂန့်ဂေါမြို့နယ် ရဲစခန်းမှ အကြမ်းဖက် လူသတ်သမားတစ်ဦး လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ် ရဲစခန်းမှ အကြမ်းဖက် လူသတ်သမားတစ်ဦး လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရ



MNP ၊ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားသော PDF အကြမ်းဖက်သမား (လူသတ်သမား) အောင်နိုင်စိုး ဆိုသူအား ရဲစခန်း က ၂၉-၁၂-၂၀၂၂ ရက်နေ့က လွှတ်ပေးလိုက်ကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

ဒေသခံတစ်ဦးက "အောင်နိုင်စိုးကြောင့် အသတ်ခံခဲ့ရတဲ့သူတွေ အများကြီး ရှိပါတယ်။ PDF ကို ထောက်ပို့လုပ်နေတဲ့သူတစ်ဦးရဲ့ ဖော်ချက်အရ အောင်နိုင်စိုးကို ဖမ်းမိခဲ့တာပါ။ ဒလန်လို့ ခေါင်းစဉ်တပ်ပြီး အောင်နိုင်စိုး တို့ သတ်ခဲ့တဲ့ မိသားစုပေါင်းဟာ ၁၂ဦးထက် မနည်းပါဘူး။ အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေအနေနဲ့တော့ ဘယ်ကျေနပ်နိုင်ပါ့မလဲဗျာ။ အကြမ်းဖက်သမား၊ လူသတ်သမားကို လွှတ်ပေးလိုက်တယ်ဆိုတော့ရော မကျေမနပ်ဖြစ်ရုံမှ တပါး ဘာတတ်နိုင်မှာလဲ။" ဟု ပြောသည်။

ယခု ကာလအတွင်း NLD အစွန်းရောက်များက အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ပြီး အပြစ်မဲ့ မိသားစုဝင်များ သေဆုံးရသည့် ဖြစ်စဉ်များရှိခဲ့ပြီး အလားတူ အကြမ်းဖက် လူသတ်သမားကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လွှတ်ပေးခြင်းကြောင့် နစ်နာသူမိသားစုများမှာ တရားမျှတမှုကို မရရှိခြင်းကြောင့် နစ်နာရမှုများလည်း ရှိသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "အလားတူ ဖြစ်စဉ်မျိုးတွေ ကြားသိရတာ ရှိပါတယ်။ အကြမ်းဖက်သမားတွေ ဘာကြောင့် ဆိုးသွမ်းလာသလဲ ဆိုတာကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက အခုလို လုပ်ဆောင်တာမျိုးတွေ ရှိနေတဲ့ အတွက်ကြောင့်ပါပဲ။ သူတို့ ကျူးလွန်ခဲ့ကြတဲ့ အပြစ်တွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ ခံရမယ်။ အောင်နိုင်စိုး ဆိုရင် ဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့လိုပဲ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သတ်ခဲ့တဲ့အထဲမှာ ပါတဲ့ တရားခံပဲ။ ကြိုးစင်တက်ရမယ့် ပြစ်မှုကို ကျူးလွန်ပြီး လွတ်မြောက်သွားတယ်ဆိုတော့ မိသားစုဝင်တွေ သေဆုံးခဲ့ရတဲ့ သူတွေဘက်က ဘယ်လို ကျေနပ်နိုင်ပါ့မလဲ။" ဟု သုံးသပ်ပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)