ကျိုက်ထိုမြို့၌ မီးငြိမ်းသတ်ရေးသရုပ် ပြပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုက်ထိုမြို့၌ မီးငြိမ်းသတ်ရေးသရုပ် ပြပွဲပြုလုပ်


27

28

29

MNP -  ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြိမ်းသတ်နည်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးတွင်ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသရုပ်ပြပွဲ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးဝေယံအောင်က ရုတ်တရက် မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့် မီးသတ်ဆေးဘူး၊ ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ်အသုံးပြုနည်းတို့ကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိစည်ပင်ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ လုပ်ဆောင်တတ်စေရန်သင်ကြားပြသခဲ့သည်။


ယင်းနောက် အရေးပေါ်မီးငြိမ်းသတ်တတ်စေရန် ဈေးရှိမီးဘေးကယ်ဆယ်ရေး ရေလှောင်ကန်မှ ရေအားအလွယ်တကူအသုံးပြုနည်း ပိုက်ဆက်သွယ်တန်းနည်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးရဲညွန့်ထွေးဦးဆောင်၍ တပ်ဖွဲ့ဝင်များက လက်တွေ့သင်ကြားပြသပြီး မြို့နယ်မီးသတ် တပ်ဖွဲ့မှမီးသတ်ယာဉ်(၂)စီး ရေသယ်ယာဉ်(၁)စီး မြို့နယ်စည်ပင်သာယာအဖွဲ့မှ ရေသယ်ယာဉ်(၁)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပူးပေါင်းကာ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။


အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းနှင့်အဖွဲ့ဝင်များ၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးဝဏ္ဏအောင်နှင့်ဝန်ထမ်းများ၊ ဈေး‌အဖွဲ့ကော်မတီဝင်များ ဈေးသူဈေးသားများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages