သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် ရေအသုံးချသူများအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် ရေအသုံးချသူများအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပ


MNP  -  ဒီဇင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ ​​နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ဧက (၅၀၀) စံပြစိုက်ကွင်းတွင်  သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် ရေအသုံးချသူများအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အဖွဲ့ဝင်များ၊  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/​မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ​တောင်သူ ရေအသုံးချသူများအဖွဲ့ (WUG) များ တက်ရောက်ခဲ့ကြသည်။ ရှေးဦစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ဆည်မြောင်းများ၊ ရေလှောင်တမံများ၏ ရေပေးဝေနိုင်မှုအခြေအနေများနှင့်  စိုက်ပျိုးရေရရှိရေး စက်ရေတွင်းများတူးဖော်၍ သီးထပ်စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ ရေရရှိရေး အခက်အခဲများရှိက ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၂၃(က)တွင် စိမ်းလန်းစိုပြေရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး တွေ့ဆုံပွဲသို့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ဆက်လက်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်သူများရေရရှိရေး အခက်အခဲများတင်ပြသည်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင် ရေး ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)