ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်၍ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ မွေးဖွားရာမြေ၊ နာလန္ဒာတက္ကသိုလ်သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်၍ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ မွေးဖွားရာမြေ၊ နာလန္ဒာတက္ကသိုလ်သို့ သွားရောက်လေ့လာ







MNP ၊ ဒီဇင်ဘာ ၁၉

ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူဘုရားဖူးလေ့လာရေးအဖွဲ့သည် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ မွေးဖွားရာမြေ၊ နာလန္ဒာတက္ကသိုလ်သို့ သွားရောက်လေ့လာမှတ်တမ်းတင်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ဖော်ပြထားသည်။


ဂယာမြို့မှ (၈၄)ကီလိုမီတာအကွာတွင်ရှိသော နာလန္ဒာသို့ နံနက်(၇:၁၅)နာရီ မှ စတင်ထွက်ခွါခဲ့သော သီတဂူဘုရားဖူးလေ့လာရေးဘုရားဖူးအဖွဲ့သည် နာလန္ဒာမြို့ကို နံနက်(၉:၃၀)နာရီ တွင်ရောက်ရှိခဲ့ကြောင်း၊ သီတဂူလေ့လာရေးအဖွဲ့ကို နာလန္ဒာမြို့မြန်မာကျောင်းတာဝန်ခံဆရာတော်မှ နွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။


ထို့နောက် နာလန္ဒာမြန်မာကျောင်းတာဝန်ခံဆရာတော်မှ ဦးဆောင်ပြီး နာလန္ဒာတက္ကသိုလ်အဟောင်းကို လေ့လာမှတ်တမ်းတင်ခဲ့ပြီး သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့မွေးဖွားရာ ဗုဒ္ဓသာသနာ့သမိုင်းတွင်လွန်စွာမှ အရေးကြီးပုံနှင့် နာလန္ဒာတက္ကသိုလ်ကြီး မည်သို့စတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း မိန့်ကြားချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။


သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဦးဆေင်လေ့လာရေးအဖွဲ့သည် နာလန္ဒာပြတိုက်သို့သွားရောက်လေ့လာမှတ်တမ်းတင်ခဲ့ရာ ပြတိုက်တာဝန်ခံမှ ပြတိုက်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များ၊ စေတီများ အကြောင်းကို ပြည့်စုံစွာရှင်းပြခဲ့ကြောင်း သိရသည်။


ပြတိုက်ကိုလေ့လာပြီးနောက် နံနက် (၁၁:၃၀)နာရီတွင် နာလန္ဒာမြန်မာကျောင်းသို့ ကြွရောက်ခဲ့ပြီး သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို နာလန္ဒာမြန်မာကျောင်းတာဝန်ခံဆရာတော်နှင့် သံဃာတော်များ၊ ဒကာ၊ ဒကာမများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စာသင်သားမြန်မာသံဃာတော်များကို ဩဝါဒမိန်ကြားပြီးနောက် စာသင်သားသံဃာတော်များမှ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ အမှတ်တရစုပေါင်း၍ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)