မက်မန်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံးအားကစားနှင့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံးအားကစားနှင့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ




MNP  -  ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံးအားကစားနှင့် ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ကစတင်၍ ကျင်းပလျက်ရှိသည်။


ထိုသို့ပြိုင်ပွဲများဆောင်ရွက်ရာတွင် မြို့နယ်အားကစားကျင်းပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့မှ စတင်၍ ကွင်းဖွင့်ပွဲနှင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများအား အမှာစကားပြော ကြားရာတွင် “အားကစားသမားအချင်းချင်းကောင်းသောယှဉ်ပြိုင်မှုများဖြင့် ပွဲစဉ်များတစ်လျှောက်ရိုး သားကြိုးစားစွာဖြင့်ပါဝင်ယှဉ်ပြိုင်ကြရေး၊ အသင်းသားအချင်းချင်းရိုင်းပင်းကူညီစွာအားကစားစိတ်ဓါတ် ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရေးစသည့်အကြောင်းအရာများကို” အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူကျော်ထွန်းနိုင်က ဖူဆယ်ဘောလုံးအားကစား ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားနှင့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် ဖူဆယ်ဘောလုံးအားကစား၊ ပိုက်ကျော်ခြင်း၊ စကောရွက်၊ လက်ဆင့်ကမ်းအပြေး၊ အပ်နဖားထိုး၊ ဖယောင်းတိုင်ထွန်းစသည့်အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့ထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇန်ဝါရီလ ၄ ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားများကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ပန်းကျင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)