လှည်းကူးမြို့နယ်တွင် မဇ္စိုမလင်္ကာရသာမဏေကျော်စာမေးပွဲကြီး စတင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် မဇ္စိုမလင်္ကာရသာမဏေကျော်စာမေးပွဲကြီး စတင် ကျင်းပ




MNP - ဒီဇင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်တွင် ယမန်နေ့ မဇ္စိုမလင်္ကာရ သာမဏေကျော် စာမေးပွဲကို  မဇ္စိုမဂုဏ်ရည်မဟာစည်တောရရိပ်သာနှင့် သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန် စာဖြေဌာနနှစ်ခုတို့တွင် ကျင်းပပြုလုပ်သည်။


မဇ္စိုမလင်္ကာရ သာမဏေကျော်စာမေးပွဲကို ပရိယတ္တိသာသနာတော် တည်တံ့ခိုင်မြဲ စည်ပင်ပြန့်ပွားစေရန်နှင့် သာသနာ့အာဇာနည် အရှင်မြတ်များ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ(၁၇)ရက်နေ့က ကျင်းပပြုလုပ်သည့် ပထမအဆင့် စာမေးပွဲ၊ ဒုတိယအဆင့် စာမေးပွဲနှင့် တတိယအဆင့် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင် (၁၀၀၈)ပါးထိ ရှိကြောင်းလည်း သိရသည်။


မဇ္စိုမလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို မဇ္စိုမဂုဏ်ရည်မဟာစည် တောရရိပ်သာပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒမှ စီမံဦးဆောင်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စာမေးပွဲကို ဒီဇင်ဘာလ (၁၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၉)ရက် နေ့အထိ (၃) ရက်တိုင်တိုင် မဇ္စိုမဂုဏ်ရည်မဟာစည် တောရရိပ်သာနှင့် သာသနာ့ရိပ်သာ ရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန်တို့တွင် စာဖြေဌာနနှစ်ခုတို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ဇင်မင်းထိုက်၊ဝင်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)