မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်



MNP  - ဒီဇင်ဘာ ၂၉

၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မိတ္ထီလာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီ၃ဝမိနစ်အချိန်က ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးကြောင်း သိရသည်။


အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ကျောင်းသူကျောင်းသားများက လှမ်းခဲ့ပါအဆွေ ထီလာတက္ကသိုလ်မြေ သီချင်းဖြင့် သီဆိုကပြပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားသည်။ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်ဘဟန်က မောင်မယ်သစ်လွင် ကျောင်းသူ ကျောင်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သိပ္ပံဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအကြောင်းကို ရူပဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်လှဝင်းက မိတ်ဆက်ပြောကြားသည်။ ၎င်းနောက် ဝိဇ္ဇာဘာသာရပ်ဆိုင် သိကောင်းစရာများအကြောင်းကို မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်မိမိနိုင်ကလည်းကောင်း၊ သင်တန်း​ရေးရာဆိုင်ရာ သိကောင်းစရာများအကြောင်းကို သင်တန်းရေးရာဌာနမှူး ဒေါ်စန်းစန်းညွန့်ကလည်းကောင်း အသီးသီး မိတ်ဆက်ပြောကြားသည်။ ၎င်း နောက် မောင်မယ်သစ်လွင် ကျောင်းသူကျောင်းသားများက ပုဂံအက၊ ရွှေညာသူရွှေညာသား၊ စိန်စီသောတေးတစ်ပုဒ်၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် တေးသီချင်းများဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေသည်။ ထိုနောက် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ထံသို့ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသော ကျောင်းသူ ကျောင်းသားများအတွက် ဂုဏ်ပြုဆုငွေ သိန်း ၂ဝ ကျပ်ကို မန္တလေးတိုင်းဒေကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ချမ်းသာ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)