ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ






MNP   -   ဒီဇင်ဘာ      ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ် သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီစဉ်ဆောင်ရွက်နေမှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ နာယကကိုယ်စား သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ စာဖတ် ခြင်းက စာဖတ်သူရဲ့ သိမှုနယ်ပယ်ကို ကျယ်ပြန့်စေတဲ့အတွက် များများဖတ်လေ၊ ပို၍ကျယ်ပြန့်လေ ဖြစ်ပါကြောင်း၊ လူသားတွေအနေနဲ့ အစားအစာတွေကို စားသုံးရသလို၊ စိတ်အာဟာရအတွက် စာဖတ်ခြင်းဖြင့် ဖြည့်တင်းပေးရမှာ ဖြစ်ပါကြောင်း၊ အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၂)တွင် စာကြည့်တိုက်ဥပဒေ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူ့စာကြည့်တိုက် ပြုစုပျိုးထောင်ခြင်း၊ စာစုလုပ်ငန်း၊ ကတ်သလောက် ပြုစု ခြင်း၊ မျိုးတူစုပြုခြင်း၊ စာငှားလုပ်ငန်း၊ ရည်ညွှန်းလုပ်ငန်းစသည့် စာကြည့်တိုက်ဆိုင်ရာ ဘာသာရပ်တို့ကို ဆွေးနွေး ပို့ချခဲ့ပါကြောင်း၊ သင်တန်းသား စာကြည့်တိုက်မှူးများအနေနဲ့ သင်တန်းက ပို့ချပေးလိုက်တဲ့ စာကြည့်တိုက်ပညာရပ် များကို အခြေခံပြီး မိမိတို့ရဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်အသုံးပြုကြစေချင်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု စသည့် ထူးချွန်ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသား/ သူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီး ကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြ ပြီး အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် များမှ စာကြည့်တိုက်မှူးများအား ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ အခြေခံ စာကြည့်တိုက်ပညာရပ်များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)