မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ထားဝယ်အကျဉ်းထောင်နှင့် မြို့မရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ထားဝယ်အကျဉ်းထောင်နှင့် မြို့မရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး



MNP  -  ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ထားဝယ်အကျဉ်းထောင်ကိုလည်းကောင်း၊ ယနေ့တွင် ထားဝယ်မြို့မရဲစခန်း အချုပ်ခန်းကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။


အကျဉ်းထောင်နှင့် ရဲစခန်း အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင် ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်းရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂို‌ဒေါင်၊ ရေသန့်စက်နှင့် သုံး ရေကန်များ၊ အတွင်း/ အပြင်မိလ္လာ များ သန့်ရှင်းမှု ရှိ မရှိနှင့် Quarantine ထားရှိသည့် အဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် ၁၅၀၊ ဗဟုသုတရဖွယ်ရာ စာအုပ် စာပေ ၁၀၀ တို့ကို ကော်မရှင်က ထားဝယ်အကျဉ်းထောင်ကို လှူဒါန်းရာ တာဝန်ခံအရာရှိက လက်ခံရယူသည်။


ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)