ရွှေတောင်မြို့နယ်တွင် နိုဝင်ဘာ ၂၁ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် စွမ်းစွမ်းတမံ မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ်တွင် နိုဝင်ဘာ ၂၁ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် စွမ်းစွမ်းတမံ မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ


43

MNP -  ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ မြို့နယ်ခန်းမတွင် ယနေ့ နံနက်ပိုင်းက နိုဝင်ဘာ ၂၁ ရက်နေ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် စွမ်းစွမ်းတမံ မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။


အခမ်းအနားတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများကိုယ်စား မြို့မိမြို့ဖ ဦးကျော်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းထူးတို့က နိုဝင်ဘာ ၂၁ ရက် နေ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် စွမ်းစွမ်းတမံမီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages