ပုဏ္ဏားကျွန်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose) ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose) ဆက်လက်ထိုးနှံ




MNP   -   ဒီဇင်ဘာ ၂၇

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၁၂ နှစ်အထက်ကျောင်းသား/သူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး ထပ်ဆောင်း (Booster Dose) ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူဆေးရုံး၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့်ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာ ရေးဝန်ထမ်းများက ကာကွယ်ဆေး (၂)ကြိမ် ဆက်တိုက်ထိုးနှံပြီးစီးမှု ခြောက်လပြည့်သော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား /သူများနှင့်အသက်(၁၈)နှစ်အထက်ရှိ ဒေသခံပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။ 


   ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့က  ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ ခြောက်လပြည့်သည့် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများနှင့် ၁၈ နှစ်အထက်ဒေသခံပြည်သူ ၉ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose)အား ထိုးနှံပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့အထိ၊ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ(၂၇၁၁၉)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)