တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

 



MNP  - ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာနနှင့် ကုသရေးမှူး ဆရာ ဝန်ကြီး ဒေါက်တာ အောင်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထပ်ဆောင်းထိုးနှံပေးကြောင်း သိရသည်။


မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ခံဆရာမ သားဖွားဆရာမ ဒေါ်မာမာခိုင် နှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးနောက် (၆)လနှင့် အထက်ကြာမြင့်ပြီးဖြစ်သော ဝန်ထမ်းများနှင့် ပြည်သူများအား (Myancopharm) ကာကွယ်ဆေးဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း(၁)ဦး၊ ကာကွယ်ဆေး တတိယအကြိမ် ထိုးပြီး (၃)လနှင့် အထက် ကြာမြင့်ပြီးဖြစ်သော နိုင်ငံ့ဝန်ထမ်းများ(၄)ဦး၊ စုစုပေါင်း (၅)ဦးအား ထိုးပေးခဲ့ကြောင်း သိရသည်။


နန်းသာရီ~ထိန်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)