ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster)ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster)ဆက်လက်ထိုးနှံ




MNP - ဒီဇင်ဘာ ၂၂

       ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ကျန်းမာရေးဌာနတွင် ဒေသခံပြည်သူ(၉၅)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ 


     အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး များ လာရောက်ထိုးနှံသည့် ပြည်သူလူထုများကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းတို့ စသည့် ကျန်းမာရေးစစ်​ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။


      ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ယမန်နေ့က အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူ ၉၅ ဦးတို့ကို တတိယအကြိမ် ထပ်ဆောင်း(Booster) အဖြစ် ထိုးနှံပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster) ထိုးနှံပြီးစီးသူ (၃၂၈၉၉)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)